GitRepo

gitRepo volume က တကယ်တော့ emptyDir volume နဲ့ တူပါတယ်။ Persistent store လို့မရပါဘူး။ Pod တစ်ခုထဲရှိ container အချင်းချင်းပဲ share လို့ရပါတယ်။ pod တွေအချင်းချင်း share လို့မရပါဘူး။ ဒါပေမဲ့ gitRepo volume က Git repository များကို clone ပြုလုပ်ခြင်း၊ check out ပြုလုပ်ခြင်းတွေကို pod စတင် run တဲ့အချိန်၊ pod အထဲရှိ container တည်ဆောက်မှု မပြီးခင်မှာ ပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။ ယခု အချိန်မှာ gitRepo volume က သုံးလို့ရနေဆဲ ဖြစ်သေးပေမယ့် deprecated ဖြစ်သွားပါပြီ။ Kubernetes Documentation မှာ တော့ gitRepo volume အစား git ကို အသုံးပြုတဲ့ InitContainer နဲ့ EmptyDir volume ကို အသုံးပြုဖို့ အကြံပေးထားပါတယ်။ Deprecated ဖြစ်သွားသော်လည်း သိရှိလေ့လာရအောင် ဖော်ပြပေးလိုက်ပါတယ်။

GitRepo Volume

GitRepo ရဲ့ feature ကမြင်တဲ့အတိုင်း awesome ဖြစ်ပါတယ်။ ဒါပေမဲ့ သူရဲ့ အားနည်းချက်တွေကတော့ အပေါ်မှာပြောခဲ့သလို kubernetes က git client binary အပေါ်မှီခိုရခြင်း၊ နောက်ထပ် တစ်ခုက တော့ ကျွန်တော်တို့ update ထက်လုပ်လိုက်တဲ့ git repository မှ နောက်ဆုံး commits အသစ်များကို sync မပြုလုပ်နိုင်ခြင်း၊ တို့ ဖြစ်ပါတယ်။ ဒါကြောင့်မို့လည်း Deprecated ဖြစ်သွားတယ် ထင်ပါတယ်။

GitRepo ကိုဘယ်လိုနေရာမျိုးတွေမှာ အသုံး၀င်နိုင်မလဲ ? ဘယ်လိုအသုံးပြုမလဲ ? အလွယ်ပြောရရင် တော့ kubernetes ကို သုံးတဲ့ environment မျိုးမှာ company website သို့မဟုတ် portfolio စတာတွေအတွက် static website တွေကို gitRepo volume အသုံးပြုပြီး အလွယ်တကူ အသုံးပြုလို့ ရနိုင်ပါတယ်။ ဒါကြောင့်မလို့ GitRepo ကို သုံးမယ်ဆို အသင့်ရှိပြီးသား git repository တစ်ခု မဖြစ်မနေရှိဖို့ လိုအပ်ပါတယ်။ GitRepo အတွက် sample manifest ကို ဖော်ပြပေးပါ့မယ်။

Line number 18 ကတော့ volume type - gitRepo လို့ declare လုပ်ထားတာ ဖြစ်ပါတယ်။ gitRepo ရဲ့ parameter တွေကတော့ repository , revision, directory တို့ဖြစ်ပြီး repository သည် အသုံးပြုမယ့် repository url ကိုထည့်ပေးရမှာ ဖြစ်ပါတယ်။ revision ကတော့ repository မှ clone ချင်သည့် branch ကို ထည့်ပေးဖို့ ဖြစ်ပါတယ်။ directory ကတော့ destination နဲ့ တူပါတယ်။ ဘယ် path သို့မဟုတ် ဘယ် folder အောက်ကို clone မလဲ ဆိုတာကို ထည့်ပေးဖို့ဖြစ်ပါတယ်။

Last updated

Was this helpful?